အရင်းရှင်နယ်ချဲ့ပါဝါတွေကြား ကြေမွပျက်စီးခဲ့ရတဲ့ ယူကရိန်း

ယူကရိန်း-ရုရှား စစ်ပွဲဟာ ယူကရိန်းနဲ့ ရုရှား ဖြစ်နေတဲ့ စစ်ပွဲ မဟုတ်ဘူး၊ အမေရိကန် အရင်းရှင်နယ်ချဲ့ဂိုဏ်းနဲ့ ရုရှား အရင်းရှင်နယ်ချဲ့တို့ကြား ဖြစ်နေတဲ့ “proxy war” လို့ စဖြစ်ကတည်းက ကျနော်တို့ ရေးခဲ့တယ်။ ‘ကျူးကျော်သူ ရုရှားကို ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာအတွက် ယူကရိန်းက ခုခံနေရတယ်၊ ဒီအတွက် နေတိုး စစ်အုပ်စုက ယူကရိန်းကို အစွမ်းကုန် ထောက်ပံ့နေတယ်’ ဆိုတဲ့ အနောက် မီဒီယာကြီးတွေရဲ့ ဝါဒဖြန့်ချက်ကို အလိမ်အညာတွေပါလို့ အစောကြီးကတည်းက ဖွင့်ချ ဝေဖန်ခဲ့တယ်။ ဒါ့အပြင် ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဟာ မရှုမလှ ရှုံးနေပြီ၊ အဖတ်ဆယ်လို့ မရတော့ဘူးလို့ အတိအကျ ပြောခဲ့ပါတယ်။

We Are Bolsheviks

စက်တင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးထွက်ခဲ့တဲ့ The Struggle မဂ္ဂဇင်းကို အောက်တိုဘာ တော်လှန်ရေး နှစ်ပတ်လည် […]

‘ဆိုရှယ်လစ်စနစ်လား၊ အရင်းရှင်စနစ် ဘာဘရစ်ဇင်လား’

အိုမင်းရင့်ရော်ပြီး ပျက်ကပ်ဆိုက်နေတဲ့ အရင်းရှင်စနစ်ဟာ သူနေရမယ့် သက်တမ်းကို ကျော်လွန်နေတာ ကြာခဲ့ပြီ။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်သော […]