The Struggle မဂ္ဂဇင်း ဒုတိယအကြိမ် ထွက်ပါပြီ (အတွဲ ၁၊ အမှတ် ၂ )

The Struggle မဂ္ဂဇင်း ဒုတိယအကြိမ် ထွက်ပါပြီ

_____________________________
နှစ်သစ်ကို ချဉ်းနင်းဝင်ရောက်ခါနီး ၂၀၂၁ နှစ်အကုန်မှာ လစဉ်ထုတ် The Struggle မဂ္ဂဇင်း ဒုတိယအကြိမ် ထပ်မံထွက်ရှိလာပါပြီ။ ဒီတခေါက် မဂ္ဂဇင်းမှာတော့ ဗမာပြည်မှာ ကွန်မြူနစ်နာမည်ခံပြီး တည်ရှိခဲ့တဲ့ စတာလင်ဝါဒ-မော်ဝါဒ အစဉ်အလာနဲ့ ဘယ်လို လမ်းခွဲထွက်ထားသလဲ ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ လစ်ဘရယ်တွေ နဲ့ ultra-left sectarian တွေက အကြမ်းမဖက်ရေး Vs လက်နက်ကိုင် လမ်းစဉ်ဆိုပြီး “အဖြူ သို့မဟုတ် အမည်း” ပုံစံ ပြောဆိုနေကြချိန်မှာ The Struggle မဂ္ဂဇင်းက ဘော်ရှီဗစ် တော်လှန်ရေး လမ်းကြောင်းကို ပြန်လည်ဖော်ထုတ်တင်ပြထားတယ်။
ရှစ်လေးလုံး တော်လှန်ရေးကြီးကို မာ့(က်စ်)ဝါဒအမြင်နဲ့ ဆန်းစစ်ပြီး မှန်ကန်တဲ့ နိဂုံးချုပ်ချက်တွေ ဆွဲထားတယ်။ သမိုင်းဟာ အတိတ်က ကိစ္စသာမဟုတ်၊ ပစ္စုပ္ပန်အပေါ် လွှမ်းမိုးသက်ရောက်နေတယ်၊ သမိုင်းကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ရင် မျက်မှောက်မှာလည်း မှန်ကန်တဲ့ လမ်းကြောင်းကို မရှာတွေ့နိုင်ဘူး။ သမိုင်းထဲက အမှားမျိုးတွေကိုသာ ပုံစံအမျိုးမျိုးနဲ့ ထပ်ကျော့နေမိတတ်တယ်။
၂၀၂၂ ဇန်နဝါရီ (၁)ရက်နေ့ဆိုရင် ကျူးဘား တော်လှန်ရေး အောင်ခဲ့တာ ၆၃ နှစ်ပြည့်တော့မည်။ ကျူးဘား တော်လှန်ရေးကနေ သင်ခန်းစာ ယူစရာတွေ အများကြီး ရှိပါတယ်။ ကျူးဘား တော်လှန်ရေးလို့ ဆိုလိုက်ရင် ပြောက်ကျားစစ်နဲ့ ချေ၊ ကပ်စထရိုလောက်ပဲ ပြေးမြင်မိတတ်ကြတယ်။ တဆက်တည်းမှာ ချေရဲ့ foco သီအိုရီကို ပုံတူးလိုက်ကူးဖို့ ကြိုးစားတတ်ကြတယ်။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒအမြင်နဲ့ ဆန်းစစ်ထားတဲ့ ကျူးဘား တော်လှန်ရေး ဆောင်းပါးကို ကမ္ဘာ့အရေး ကဏ္ဍမှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဒီဆောင်းပါးတွေအပြင် အောင်သီးအောင်ပွင့်တချို့ ရရှိလာတဲ့ အိန္ဒိယ လယ်သမားထုကို ဂုဏ်ပြု‌ဖော်ပြထားတဲ့ ဆောင်းပါး၊ အန်းဂယ်(စ်)ရဲ့ ဂန္ထဝင်မြောက် လက်ရာ၊ အခန်းဆက် ဘာသာပြန် ဖော်ပြနေတဲ့ အယ်လန်ဝု(ဒ်စ်)ရဲ့ Bolshevism …..
The Struggle မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၂ ကို ဒေါင်းလုတ်ဆွဲရန်အောက်ပါ လင့်ခ်ကို နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *