The Struggle မဂ္ဂဇင်း အမှတ် ၁၃ ထွက်ပြီ

Revolutionary Marxism က သုံးလတကြိမ် ထုတ်ဝေနေတဲ့ The Struggle မဂ္ဂဇင်း အမှတ် ၁၃ ထွက်ပြီ။ ဒီတခေါက် issue မှာ ဒိုင်ယာလက်တစ်ကို အဓိက theme အနေနဲ့ ရက်ဖောက်ထားပါတယ်။ ဒီကနေ့ခေတ် ပြည်တွင်းစစ် ကာလကြီးမှာ ဒိုင်ယာလက်တစ်ကို တခုတ်တရ လေ့လာနေဖို့ လိုအပ်သလား။

“၁၉ဝဝ ဝန်းကျင်လောက်က ရုရှားပြည်မှာ အန်နားခစ်အနွယ် နိုင်ငံရေး အင်အားစု တခုဖြစ်တဲ့ Social Revolutionaries တွေလဲ လီနင်တို့ မာ့(က်စ်)ဝါဒီတွေကို ဒီလို ဝေဖန်ခဲ့ဖူးတယ်။ လီနင်တို့ ထုတ်နေတဲ့ Iskra စာစောင်က ဒိုင်ယာလက်တစ် ရုပ်ဝါဒ ဂိုဏ်းတခုကို ထူထောင်ချင်ပြီး၊ ငါတို့ SR တွေကတော့ ဇာဘုရင် သက်ဦးဆံပိုင်စနစ်ကို ဖြိုချချင်တယ်လို့ ပြောခဲ့ကြတယ်။
ပြောတဲ့အတိုင်းလဲ သူတို့ လက်ပစ်ဗုံးကိုင်ပြီး ဇာဘုရင်ကို တိုက်ပွဲဝင်ခဲ့တယ်။ သို့သော် Burnham ဆီ ပေးစာမှာ ထရော့စကီး ထောက်ပြခဲ့သလိုပ် “သမိုင်းတလျှောက် အကြီးမြတ်ဆုံး တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တာ လက်ပစ်ဗုံးနဲ့ အစပြုခဲ့တဲ့ ပါတီ မဟုတ်ဘူး၊ ဒိုင်ယာလက်တစ် ရုပ်ဝါဒနဲ့ အစပြုခဲ့တဲ့ ပါတီ ဖြစ်တယ်”။

“ထရော့စကီးရဲ့ ဒီမှတ်ချက်က အထက်ပါ မေးခွန်းကို လုံလောက်တဲ့ အဖြေ ပေးပြီးသားလို့ ယုံကြည်ပါတယ်။ ဒိုင်ယာလက်တစ်ဟာ စိတ်ကူးယဉ် ထိုးဇာတ် မဟုတ်သလို mysticism လဲ မဟုတ်ဘူး။ တွေးခေါ်စဉ်းစားမှု ပညာရပ်တခု (science) ဖြစ်တယ်။ ဘယ်ပညာရပ်မဆို စနစ်တကျ မလေ့လာဘဲ မတတ်နိုင်ဘူး။ ဒါ့ကြောင့် ဒိုင်ယာလက်တစ်ကိုလဲ သေချာ လေ့လာ၊ လေ့ကျင့်ထားဖို့လိုအပ်တယ်။” (အယ်ဒီတာ့ အာဘော်မှ ကောက်နှုတ်ချက်)

ဒါ့ကြောင့် ဒီ issue မှာ မာ့က်စ်ရဲ့ ဖွိုက်ယဘတ်(ခ်) စစ်တမ်းများ မြန်မာပြန်၊ ဒီစစ်တမ်းတွေနဲ့ ပတ်သက်လို့ Alan Woods ရဲ့ reflections ဆောင်းပါး၊ မော်ရဲ့ ပဋိပက္ခကျမ်းကို ဝေဖန်ချက် ဆောင်းပါး၊ ဒိုင်ယာလက်တစ် ဖွင့်ဆိုချက် ဆောင်းပါးတွေအပြင် ပြည်တွင်း ပြည်ပ တော်လှန်ရေး သုံးသပ်ချက် ဆောင်းပါး၊ စစ်အာဏာရှင်တွေ လစ်ဘရယ်တွေရဲ့ အစိုးရရူး အိပ်မက်ကို ချိုးဖျက်ပစ်မယ့် နိုင်ငံရေး လမ်းကြောင်း ဖော်ထုတ်ချက် ဆောင်းပါးကိုလဲ ဖော်ပြထားပါတယ်။

မဂ္ဂဇင်း တအုပ်လုံး စာမျက်နှာ ၉၁ မျက်နှာ ရှိပါတယ်။ အောက်ပါ လင့်(ခ်)ကနေ ဒေါင်းလုတ်ဆွဲပြီး အားပါးတရ ဖတ်ရှု သုံးသပ်ကြည့်နိုင်ပါပြီ။ မိတ်ဆွေက ဒီမဂ္ဂဇင်းပါ အမြင်တွေနဲ့ သဘောတူတယ်ဆိုရင် RM ပေ့ခ်ျ မက်ဆန်ဂျာ (သို့မဟုတ်) website ရဲ့ join us form ကနေ ဆက်သွယ်လိုက်ပါ။

မဂ္ဂဇင်းကို အောက်မှာ ဒေါင်းယူ ဖတ်နိုင်ပါပြီ။

The Struggle Magazine Issue 13