Revolutionary Marxism က သုံးလတကြိမ် ထုတ်ဝေနေတဲ့ “The Struggle” Marxist magazine ထွက်ပြီ။

ဒီတခေါက် issue မှာတော့ ဖတ်စရာ အကြောင်းအရာတွေ စုံလင်များပြားလှပါတယ်။ 

 

ဒီကနေ့ ယူအက်(စ်) နယ်ချဲ့စနစ်ဟာ အရှိန်နဲ့ ကျဆင်းလျက် ရှိတယ်။ ဒီလို အကျဘက် ရောက်လာတဲ့ ယူအက်(စ်) နယ်ချဲ့က ဗိုလ်ကျစိုးမိုးရေး ကျူးကျော်စစ်တွေ၊ မင်းပြောင်းမင်းလွှဲ လုပ်ရေးတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက် ရှိတယ်။ 

 

အခြား တဖက်မှာလဲ တော်လှန်ရေးတွေ ပြင်းထန် ပေါက်ကွဲထွက်လာတယ်။ သို့သော် တော်လှန်ရေးက အဆုံးသတ် အောင်ပွဲမရဘဲ လမ်းခုလတ်မှာတင် အရေးနိမ့်သွားတဲ့အခါ တန်ပြန် တော်လှန်ရေးက အသာစီးရသွားပြီး လူ့အဖွဲ့အစည်းကို Barbarism ချောက်ထဲ ဆွဲချသွားတော့တယ်။ ဒါ့ကြောင့် Socialism or Barbarism ဆိုတာ သဘောတရားရေး ပြဿနာ မဟုတ်တော့ဘူး။ တော်လှန်ရေးတွေရဲ့ လက်ငင်း သေရေး ရှင်ရေး ပြဿနာ ဖြစ်လာတယ်။

 

ဒါ့ကြောင့် “ဆိုရှယ်လစ်စနစ်လား၊ ဘာဘရစ်ဇင်လား” ဆိုတဲ့ perspective ကို

The Struggle issue 14 ရဲ့ unifying theme အဖြစ် ထပ်မံဖော်ထုတ်ပေးထားခြင်း ဖြစ်ပါတယ်။

 

အယ်ဒီတာ့အာဘော်

တော်လှန်ရေး မျက်နှာဖုံးအောက်က တန်ပြန် တော်လှန်ရေး 

ဗင်နီဇွဲလားကို ဗိုလ်ကျနေတဲ့ ယူအက်(စ်)က ဗမာပြည်မှာ မင်းပြောင်းမင်းလွှဲ လုပ်ပေးမလား

ကျားဖြန့်နဲ့ ဘတ်ငွေ မာလာခြင်း၊ ထိုင်း-ဗမာ စီးပွားရေးကို ဘယ်လို ရိုက်ခတ်မှု ရှိမလဲ

ဒိုင်ယာလက်တစ် ရုပ်ဝါဒ မိတ်ဆက် (အပိုင်း ၃) –

ဟေဂယ် နဲ့ မာ့က်စ်

ကွန်မြူနစ်အင်တာနေရှင်နယ်ကို ဘယ်လိုတည်ဆောက်ခဲ့သလဲ

အမေရိကန် နယ်ချဲ့က ဗင်နီဇွဲလားကို ကျူးကျော် တိုက်ခိုက်

စစ်စတိုက်နေပြီ ဖြစ်တဲ့ ယူအက်(စ်) –

ဗင်နီဇွဲလားရဲ့ ရေနံတွေကို တားဆီးပိတ်ဆို့ထားမယ်လို့ ထရမ့်(ပ်) ကြေညာ

ပါလဗီနဲ့ နယ်ချဲ့တွေ အီရန်ကို မထိနဲ့

ဆူဒန် ပြည်တွင်းစစ် – တန်ပြန် တော်လှန်ရေးရဲ့ ဆိုးဝါးသော အကျိုးဆက်များ

 

 

The Struggle ” Marxist magazine Issue 14 ရဲ့ Digital Version ကို အောက်ပါလင့်ခ် ကနေတဆင့် Download ရယူ ဖတ်ရှု့နိုင်ပါတယ်။

The Struggle ” Marxist magazine Issue 14 

DOWNLOAD HERE