The Struggle မဂ္ဂဇင်း အမှတ် ၇ ထွက်ပြီ

The Struggle မဂ္ဂဇင်း အမှတ် ၇

____________________

Dialectics teaches us that everything changes into its opposites.

ကမ္ဘာတလွှားကို ကြည့်လိုက်ပါ။ တည်ငြိမ်နေတဲ့ ဘူဇွာဒီမိုကရေစီ နိုင်ငံရယ်လို့ တနိုင်ငံမှ မရှိဘူး။ ကမ္ဘာ့အရင်းရှင်စနစ် တခုလုံး အကျပ်အတည်းဆိုက်ပြီး အုပ်စိုးသူ လူတန်းစားအကြား ကွဲအက်မှုတွေ ထွက်ပေါ်နေတယ်။

ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အမေရိကမှာ နိုင်ငံလုံးဆိုင်ရာ ကြွေးမြီ ၃၁ ထရီလီယံ ဒေါ်လာကျော်သွားပြီ။ အမေရိကန် ဂျီဒီပီရဲ့ ၁၄၀% ရှိပါတယ်။ ဂလိုဘယ် ကြွေးမြီက ဂလိုဘယ် ဂျီဒီပီရဲ့ ၃၆၀% ရှိတယ်။ ၂၀၀၈ စီးပွားပျက်ကပ်မှာ အစိုးရက ကြားဝင်ပြီး ဒေါ်လာ ဘီလျံပေါင်းများစွာ လောင်းထည့်ခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု သိပ်မဖြစ်ခဲ့ဘူး။ ငွေကြေးဖောင်းပွမှုဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီလို့ ထင်ခဲ့ကြတယ်။ ဒီကနေ့ အမေရိကရဲ့ ငွေကြေးဖောင်းပွနှုန်းက ၈% ရှိတယ်။ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး နှုန်းထား ဖြစ်ပါတယ်။ ဒီစာကို ရေးနေချိန်မှာပဲ Financial Times က ‘စက်ရပ်သတင်း’ တက်လာတယ်။ ယူအက်(စ်) ဖက်ဒရယ် ဗဟိုဘဏ် ဥက္ကဌ Jay Powell က ‘ငွေကြေးဖောင်းပွမှု အလွန်မြင့်နေဆဲ’ ဖြစ်ကြောင်း သတိပေးလိုက်သတဲ့။

 

[ အယ်ဒီတာ့အာဘော် ကောက်နှုတ်ချက်]

 

The Struggle မဂ္ဂဇင်း Vol 07 ကို အောက်ပါလင်ခ့်ကနေ ဒေါင်းလုပ်ရယူ ဖတ်ရှု့နိုင်ပါတယ်။

 

The Struggle Vol 07 Download