အန်းဂယ်(စ်) ရေးသားခဲ့သော “လူဝံမှ လူသားအဖြစ် ကူးပြောင်းရာတွင် ပါဝင်ခဲ့သော အလုပ်၏ အခန်းကဏ္ဍ” ဆောင်းပါး မြန်မာ ဘာသာပြန်ကို အန်းဂယ်(စ်) နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် RM fb စာမျက်နှာနဲ့ marxist.com မှာ ပထမဆုံး အကြိမ် ဖော်ပြခဲ့ပါတယ်။ ဒိုင်ယာလက်တစ် နည်းလမ်းကို လူသား ဆင့်ကဲသမိုင်း လေ့လာရာမှာ အန်းဂယ်(စ်)က လက်တွေ့ အသုံးပြုခဲ့ပုံ၊ brilliant insight တွေ ဖော်ထုတ်နိုင်ခဲ့ပုံတွေ ဒီဆောင်းပါးမှာ တွေ့ရမှာ ဖြစ်ပါတယ်။
Stephen J Gould လို အီဗလူးရှင်း ပညာရှင်ကတောင် အန်းဂယ်(စ်) ဒီဆောင်းပါးကို တခုတ်တရ ချီးမွမ်းခဲ့ရတယ်။ နှမြောစရာကောင်းတာက ဒီဆောင်းပါးကို အန်းဂယ်(စ်) အဆုံးသတ်တဲ့အထိ ရေးသားခွင့် မရခဲ့ဘူး။ သူကွယ်လွန်ပြီးမှ ထုတ်ဝေနိုင်ခဲ့တဲ့ Dialectics of Nature စာအုပ်မှာ ရေးပြီးသလောက် ဆောင်းပါး စာမူကိုပဲ ဖော်ပြနိုင်ခဲ့တယ်။
မာ့(က်စ်)ဝါဒ လေ့လာသူတွေ မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ လက်ရာတခုလို့ ညွှန်းချင်ပါတယ်။ ဒါ့ကြောင့် လေ့လာသူများ ဖတ်ရ အဆင်ပြေအောင် စာအုပ်ငယ်ပုံစံနဲ့ edition အသစ် ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါတယ်။
ဒေါင်းရန် နှိပ်ပါ –