ကမ္ဘာ့ နိုင်ငံရေး စင်မြင့်မှာ အမေရိကန် သမ္မတကိုယ်တိုင် red scare လုပ်နေတယ်။ ပြည်တွင်းမှာလဲ “နုဂျီကလွဲ၍ အခြား မရှိစေရ” လုပ်နေတဲ့ လော်ဘီတအုပ်က red scare လုပ်နေတယ်။ သူတို့တတွေ ကွန်မြူနစ် တစ္ဆေ ဘယ်လို ခြောက်ခြောက်၊ ရယ်ဒီကယ် လူငယ်တွေကြား ကွန်မြူနစ်ဝါဒအပေါ် စိတ်ဝင်စားမှုကတော့ ကျဆင်းမသွားဘူး။ တနေ့တခြား တိုးပွားလာနေတယ်။
မကြာသေးခင်က ကျနော်တို့ ပေ့ဂ်ျကနေ ဩဂုတ်လမှာ ပြုလုပ်မယ့် World school of communism အကြောင်း တင်ခဲ့တယ်။ တင်ပြီး ရက်ပိုင်းအတွင်းမှာပဲ world school ကို တက်ဖို့ လျှောက်ထားသူတွေ အမြောက်အမြား ရှိခဲ့တယ်။ ၂ ဦး ၃ ဦးကလွဲရင် လျှောက်ထားသူ အားလုံးက RCI/RM ကို အဖွဲ့ဝင်လိုကြောင်း ဆိုပါတယ်။ ဒါ့အပြင် RM က မဂ္ဂဇင်းကို မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာပဲ RM website ကို အဖွဲ့ဝင်အဖြစ် သီးသန့် လျှောက်လွှာ ထပ်တင်ထားသူတွေလဲ အတော်များပါတယ်။
အဲသလို လျှောက်ထားသူ အားလုံးကို ကျနော်တို့ဘက်က follow up လုပ်နေပါတယ်၊ တဦးချင်း မေးလ်ပို့ပြီး ဆက်သွယ်ပါမယ်။ သို့သော် လျှောက်ထားသူ များနေလို့ တချို့လဲ ကျန်နေပါသေးတယ်။ လျှောက်ထားသူ အားလုံးရဲ့ လုံခြုံရေးကို အလေးထားတဲ့အတွက် တဦးချင်း မေးလ် ပို့ပြီး သီးသန့် ဆက်သွယ်ပါတယ်၊ ဒါ့ကြောင့် အချိန် ပိုယူရခြင်း ဖြစ်ပါတယ်။
sign up လုပ်ပြီး အဖွဲ့ဝင် လျှောက်လွှာ တင်ထားသူ မိတ်ဆွေများအနေနဲ့ မိမိတို့ ပေးထားတဲ့ မေးလ်ကို ဝင်စစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
sign up လုပ်လိုက်ရုံ၊ မေးလ်ကနေ ဆက်သွယ်ရုံနဲ့တော့ RCI/RM အဖွဲ့ဝင် တန်းမဖြစ်နိုင်ပါဘူး။ ကျနော်တို့ တည်ဆောက်နေတာဟာ cadre organization ဖြစ်ပါတယ်။
ဒါ့ကြောင့် မာ့က်စ်ဝါဒ အတွေးအခေါ်၊ နည်းနာ၊ ပရိုဂရမ်နဲ့ အစဉ်အလာ သမိုင်းတို့ကို အကျေအလည် လေ့လာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။ အဖွဲ့ဝင် ဖြစ်လာရင် ရရှိလာမဲ့ Right တွေ ရှိသလို ပါဝင် ထမ်းဆောင်ရမဲ့ Obligation တွေလဲ ရှိပါတယ်။
ဒါ့ကြောင့် အချိန်ယူ ဆွေးနွေးရမဲ့ ကိစ္စတွေကိုနှစ်ဦးနှစ်ဖက် လုံခြုံရေးအတွက် စိတ်ချရမဲ့ ဆက်သွယ်ရေး ချန်နယ်ကနေပဲ ကျနော်တို့ ရဲဘော်တွေက သီးသန့် ဆွေးနွေးသွားပါလိမ့်မယ်။ ဒါ့ကြောင့် follow up ပို့လာတဲ့ မေးလ်မှာ secure communication method တခုကို ထည့်ပြောထားပါလိမ့်မယ်။
________
Are you a communist? Then get organized!

