The Struggle ပုံနှိပ် မဂ္ဂဇင်းကို အပြင်မှာ ဝယ်လို့ ရပြီ

Revolutionary Marxism က သုံးလတကြိမ် ထုတ်ဝေနေတဲ့ The Struggle မဂ္ဂဇင်းကို အရည်အသွေး ကောင်းကောင်းနဲ့ ပုံနှိပ် ထုတ်ဝေလိုက်ပါပြီ။ 

ထိုင်းရောက် ရဲဘော်များ၊ မိတ်ဆွေများ ဝယ်ယူ ဖတ်ရှုနိုင်ပြီ။ 

စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်‌မှုတွေကြောင့် ပြည်တွင်းမှာ တော်လှန်ရေး မဂ္ဂဇင်းတစောင်ကို ထုတ်ဝေ ရောင်းချဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင် သယ်ယူပို့ဆောင်စရိတ်တွေလဲ အလွန် ကြီးပါတယ်။ ဒါ့ကြောင့် The Struggle ရဲ့ ပွဲဦးထွက် ပုံနှိပ် မဂ္ဂဇင်းကို ထိုင်းရောက် စာဖတ်ပရိသတ်ကြားမှာပဲ ဖြန့်ချိနိုင်ပါသေးတယ်။ 

The Struggle ဖြန့်ချိရေးကို ကူညီပေးမဲ့ မိတ်ဆွေများက မြို့တချို့မှာ လူကိုယ်တိုင် ရောင်းချပေးမှာ ဖြစ်သလို အွန်လိုင်းက မှာယူမဲ့ သူများကိုလဲ အမြန်ချောပို့စနစ်နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ချင်းမိုင်နဲ့ မဲဆောက်က စာအုပ်ဆိုင် တချို့မှာလဲ The Struggle မဂ္ဂဇင်းကို တင်ပေးထားပါမယ်။ 

အွန်လိုင်းက မှာယူလိုသူ မိတ်ဆွေများအနေနဲ့ အမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တို့ကို ပေ့ဂ်ျ မက်ဆန်ဂျာမှာ ပို့ထားပေးပါ။ 

The Struggle မဂ္ဂဇင်းကို စက္ကူဖြူချော အထူသား ကာလာနဲ့ သပ်သပ်ရပ်ရပ် ထုတ်ပေးထားပါတယ်။ ပုံမှန် ရောင်းဈေးကတော့ ဘတ် ၃၀၀ ဖြစ်ပါတယ်။ 

The Struggle မဂ္ဂဇင်း ရေရှည် ရပ်တည်ရေးအတွက် အားပေးလိုပါက solidarity price အနေနဲ့ ဘတ် ၅၀၀ သတ်မှတ်ထားပါတယ်။ 

ချင်းမိုင်မှာ The Struggle မဂ္ဂဇင်းကို လူကိုယ်တိုင် သွားရောက် ဝယ်ယူနိုင်မဲ့ ဆိုင် – Aruna Bookclub CNX (လိပ်စာ)