၂၀၂၆ ကမ္ဘာ့ ကွန်မြူနစ် ကျောင်းကြီးကို တက်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပါ

စစ်ပွဲတွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ အခုလို အချိန်မှာ ကမ္ဘာ့ ကွန်မြူနစ် ကျောင်းကြီး (World School of Communism) ကို ထပ်ကျင်းပတော့မှာ ဖြစ်ပြီး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဩဂုတ်လ (၂) ရက်နေ့ကနေ (၇) ရက်နေ့အထိ၊ တကမ္ဘာလုံးက ကွန်မြူနစ် ထောင်ပေါင်းများစွာဟာ လက်ရှိခေတ်ရဲ့ အရေးအကြီးဆုံး နိုင်ငံရေး ပြဿနာရပ်တွေကို  အဆင့်မြင့်မြင့် ဆွေးနွေးကြဖို့ တပတ်တိတိ စုဝေးကြမှာပါ။ ဝါရင့်သမ္ဘာရင့် ကွန်မြူနစ်တယောက်ပဲဖြစ်ဖြစ်၊ မာက့်စ်ဝါဒကို အခုမှ စလေ့လာမယ့်သူပဲ ဖြစ်ဖြစ် ဒီပွဲက လုံးဝ လက်လွှတ်မခံသင့်တဲ့ ပွဲတခုပါပဲ။

 

[World School ကို schoolofcommunism .com မှာ စာရင်းသွင်းနိုင်ပြီ]

 

ဒီကနေ့ခေတ် ကမ္ဘာ့အခြေအနေတွေက အင်မတန် မြန်ဆန်ပြီး ရုတ်တရက် အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတယ်။ ရှေ့နှစ်တွေက လူတွေရဲ့ စိတ်အာရုံကို လပေါင်းများစွာ လွှမ်းမိုးထားမဲ့ ကိစ္စမျိုးတွေဟာ အခုဆို တပတ်တခါလောက်ကို ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီပွဲကို ဖွင့်ဖွင့်ချင်းမှာပဲ ‘The History of Philosophy’ တို့၊ ‘Bolshevism’ တို့လို စာအုပ်တွေ အများကြီးရေးခဲ့တဲ့ နာမည်ကြီး မာ့က်စ်ဝါဒ သဘောတရားပညာရှင် Alan Woods က  ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဒီကနေ့ခေတ်မှာ ဖြစ်ပေါ်နေတဲ့ ယေဘုယျ trend တွေနဲ့ ဖြစ်စဉ်တွေကို ရှင်းပြပေးသွားမှာပါ။ ဒါက ကျနော်တို့ ကွန်မြူနစ်တွေအနေနဲ့ လူတန်းစား တိုက်ပွဲမှာ ဘယ်လို ရပ်တည်ရမလဲဆိုတာ အမြင်ရှင်းသွား‌စေလိမ့်မယ်။

ကွန်မြူနစ်တွေအတွက်တော့ သမိုင်းကို လေ့လာတယ်ဆိုတာ ‌ဝေဖန်လေကန်ရုံ  သင်ခန်းစာသက်သက် မဟုတ်ပါဘူး။ ဒီကနေ့ တိုက်ပွဲမှာ ကိုယ်တိုင် လက်နက်တပ်ဆင်ဖို့ သမိုင်းကနေ အဖိုးတန် သင်ခန်းစာတွေ လေ့လာခြင်း နည်းတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ ကျောင်းကြီးမှာ တော်လှန်ရေး သမိုင်းနဲ့ ပတ်သက်တဲ့ အထူး ဆွေးနွေးပွဲတွေ အများကြီး ပါဝင်မှာ ဖြစ်ပါတယ်။

အလန်ဝုဒ်စ်နဲ့ တက်ဒ်ဂရန့်တို့ ရေးတဲ့ ‘Lenin and Trotsky: what they really stood for’ ဆိုတဲ့ စာအုပ် edition အသစ်ကိုလည်း RCI ရဲ့ စာအုပ်တိုက် Wellred Books က ဒီပွဲမှာ ပွဲဦးထွက် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်က လီနင်နဲ့ ထရော့စကီးတို့ ဦးဆောင်ခဲ့တဲ့ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးရဲ့ သမိုင်းအမှန်ကို ပြန်လည် ဖော်ထုတ်ထားတာပါ။ ဒါ့အပြင် ဒီတော်လှန်ရေးသမားကြီး နှစ်ယောက်ကြားမှာ သွေးခွဲပြီးတော့ စတာလင်ကို အမွှမ်းတင်ချင်တဲ့ စတာလင်နစ်တွေရဲ့ လုပ်ကြံစွပ်စွဲချက်တွေကိုလည်း စနစ်တကျ ချေပထားပါတယ်။ RCI ရဲ့ ဦးဆောင် ရဲဘော်တယောက် ဖြစ်တဲ့ နစ်ကလပ်စ် အယ်လ်ဘင် ဆဗန်ဆင် (Niklas Albin Svensson) က လီနင်နဲ့ ထရော့စကီးတို့ရဲ့ စစ်မှန်တဲ့ အယူအဆတွေကို ရှင်းပြပေးမယ့် ဆွေးနွေးပွဲတခုကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအယူအဆတွေဟာ ဒီကနေ့ တည်ဆောက်ထားတဲ့ ကျနော်တို့ အင်တာနေရှင်နယ်ရဲ့ အခြေခံအုတ်မြစ်တွေပါပဲ။

‘Permanent Revolution in Latin America’ စာအုပ်ကို ပူးတွဲရေးသားခဲ့သူ ဟော်ဟေး မာတင် (Jorge Martín) ကတော့ ဟူဂို ချာဗက်ဇ် (Hugo Chávez) နဲ့ ဘိုလီဗေးရီးယန်း တော်လှန်ရေး (Bolivarian Revolution) အကြောင်း ဆွေးနွေးသွားမှာပါ။ ချာဗက်ဇ် ဦးဆောင်ခဲ့တဲ့ အဲဒီ့ အားကျစရာကောင်းတဲ့ ဖြစ်ရပ်တွေဟာ ဗင်နီဇွဲလား နိုင်ငံရဲ့ အရင်းရှင်စနစ်ကို လုံးဝ ဖြိုချနိုင်လောက်တဲ့အထိ အလားအလာ ရှိခဲ့တယ်။ ကံမကောင်းစွာဘဲ ဒီဖြစ်စဉ်က တဝက်တပျက်နဲ့ ရပ်တန့်သွားခဲ့ပြီး နောက်ဆုံးမှာတော့ တော်လှန်ရေး ကျရှုံးသွားခဲ့တယ်။ ဒါပေမဲ့ ဘိုလီဗေးရီးယန်း တော်လှန်ရေးဟာ သမိုင်းမှာ အရေးပါတဲ့ အချိုးအကွေ့တခု ဖြစ်ခဲ့ပြီး ကျနော်တို့ အင်တာနေရှင်နယ်နဲ့ အတော်လေး နီးစပ်ခဲ့တဲ့ အဖြစ်အပျက် တခုပါ။ ဒါတွေနဲ့ ပတ်သက်လို့ ပိုသိချင်ရင်တော့ အဲဒီအချိန်က တော်လှန်ရေးရဲ့ အပြောင်းအလဲတွေအပေါ်  ကျနော်တို့ရဲ့ သုံးသပ်ချက်တွေ စုစည်းထားတဲ့ အလန်ဝုဒ်စ် ရဲ့ ‘The Venezuelan Revolution: A Marxist Perspective’ စာအုပ်ကို ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

အခု ပြောထားတာတွေက အမြည်းလောက်ပဲ ရှိပါသေးတယ်။ တပတ်လုံးလုံး ဆွေးနွေးပွဲ အခု (၂၀) ကျော် ရှိမှာ ဖြစ်ပြီး ဒီဆွေးနွေးပွဲတွေမှာ သမိုင်း၊ ဒဿနိကဗေဒ၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ တခြား အကြောင်းအရာပေါင်း များစွာ ပါဝင်မှာ ဖြစ်လို့ ဒါဟာ တကယ့်ကို တခြား ဘယ်ပွဲနဲ့မှ မတူတဲ့ ပွဲတပွဲ ဖြစ်လာမှာပါ။ RCI ဟာ အချိန်နဲ့အမျှ အင်အား ကြီး‌ထွားလာနေပြီး တကမ္ဘာလုံးမှာ အဖွဲ့ဝင် ၁၀,၀၀၀ ပြည့်ဖို့ ဦးတည်နေပါတယ်။ ဒီလို RCI ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ဒီပွဲက ကြီးမားတဲ့ မှတ်တိုင်တခု ဖြစ်လာလိမ့်မယ်။

ကမ္ဘာ့ ကျောင်းကြီးကို ဒီနေရာမှာ နှိပ်ပြီး စာရင်းသွင်းလို့ ရပါတယ်။ ပြီးရင်တော့ သင့်အနီးဆုံးနေရာက watch party တွေရဲ့ အသေးစိတ်ကို ကျနော်တို့ ဆက်သွယ် အသိပေးသွားပါမယ်။ ဆွေးနွေးပွဲ အားလုံးကို တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်လို့ အစီအစဉ်တွေ လွတ်သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။

ပွဲအစီအစဉ်တွေကို ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ်။

[All times are UTC+2]

Sunday 2 August

09:00-19:00

  • World perspectives

Monday 3 August

09:00-13:00

  • Multipolarity and Marxism: how communists fight imperialism
  • Is the world going fascist?
  • How Marx became a Marxist

15:00-19:00

  • The rise and fall of social democracy
  • Britain’s ‘almost-revolution’: the 1926 General Strike
  • Progress, decline, and the Marxist view of history

Tuesday 4 August

09:00-13:00

  • Lenin and Trotsky: what they really stood for
  • In defence of the Enlightenment
  • The origins of Marxist economics

15:00-19:00

  • Hugo Chávez and the Bolivarian Revolution
  • Philosophy and science: a new era in cosmology
  • 250 years since America’s first revolution
  • France 1936: reform or revolution?

Wednesday 5 August

09:00-13:00

  • Marxism and art
  • Silvia Federici and Social Reproduction Theory
  • Mao’s anti-imperialism: lessons for today

Thursday 6 August

09:00-13:00

  • The Epstein class exposed: their morals and ours
  • The Yugoslav Revolution
  • Rojava: why was the revolution defeated?

15:00-19:00

  • 1929 and the Great Depression
  • Shostakovich: the musical voice of the Russian Revolution
  • The Iranian Revolution of 1979

Friday 7 August

09:00-19:00

  • Building the RCI: organisational discussion

 

RM ကို အဖွဲ့ဝင်အဖြစ် လျှောက်ထားရန်